Raffles Hospital


English

Raffles Hospital is a tertiary care hospital and the flagship of the Raffles Medical Group, a leading private healthcare provider in Singapore and South East Asia.

Located just 20 minutes away from Changi International Airport and right in the heart of the city, Raffles Hospital offers a full range of specialist, medical and diagnostic services that spans across 35 disciplines. Its 16 specialist centres meet a wide variety of medical needs such as obstetrics and gynaecology, cardiology, oncology and orthopaedics.

The hospital is equipped with a 24-Hour Emergency and Raffles Medical at Raffles Hospital, Specialist Clinics with services spanning across 35 disciplines. The hospital’s full range of medical and surgical facilities include day surgery suites, delivery suites, operating theatres, intensive care unit, neonatal intensive care unit, dental, radiology, clinical laboratory, pharmacy, dietetics and physiotherapy services.

Services
Raffles Medical Group offers a full range of medical services ranging from preventive to curative to consultancy services. Below are the full range of our services:

  • 24-Hour Services
    • Raffles Medical at Raffles Hospital (Clinic)
    • Raffles Medical at Singapore Changi Airport Terminal 3 (Clinic)
    • 24-Hour Emergency
    • House, Office, Hotel and Ship Calls
    • Ambulance Services
    • Clinical Laboratory
  • Raffles Medical Clinics
    • Family Medicine Care
    • Travel Health
    • Emergency Services
    • Minor Surgery
    • Statutory Medical Check Up
    • Health Screening
    • X-ray Services
    • Specialty Services
    • Clinic Locations
    • Corporate Programmes
  • Raffles Specialist Centre
    • Aesthetics Centre
    • Cancer Centre
    • Children’s Centre
    • Counselling Centre
    • Dental Specialist Centre
    • Dialysis Centre
    • ENT Centre
    • Eye Centre
    • Fertility Centre
    • Heart Centre
    • Internal Medicine Centre
    • Japanese Clinic
    • Orthopaedic Center
    • Pain Management Centre
    • Physiotherapy Centre
    • UroRenal Centre
    • Surgery Centre
    • Women’s Centre
  • Raffles Hospital
    • Inpatient Services and Information
    • International Patient Services
  • Dental
    • General Dentistry
    • Prosthodontics
    • Endodontics
    • Orthodontics
    • Oral & Maxillofacial Surgery
    • Periodontics
    • Headache Treatment
  • Raffles Chinese Medicine

မြန်မာ

Raffles hospital သည် ကုတင် (၃၈၀) ဆန့် အထူးကုဆေးရုံဖြစ်ပြီး စင်ကာပူနှင့် အရှေ့တောင်အာရှတွင် (၁၉၇၆) ခုနှစ်ကတည်းက ပုဂ္ဂလိကကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍကို ဦးဆောင်ခဲ့သော Raffles Medicla Group (RMG) ၏ စံနမူနာ ၀န်ဆောင်မှုတစ်ခု ဖြစ်ပါသည်။ နှစ်ပေါင်း ၃၀ ကျော်ကြာအောင် ‘Raffles’ ဟူသော အမည်၏ အဓိပ္ပါယ်ဖြစ်သော အရည်အသွေးပြည့်ဝမှု၊ ယုံကြည်စိတ်ချရမှုများကို အစဉ်လက်ကိုင်ထား၍ အဆင့်အတန်းမှီ ဆေးပညာအား လူနာများ၏ လိုအပ်ချက်ကို အဓိကထားလျက် ကျန်းမာရေးစောင့်ရှောက်မှုပေးနေသော ဆေးရုံကြီးလည်းဖြစ်ပါသည်။

စင်ကာပူနိုင်ငံ၏ လမ်းပန်းဆက်သွယ်မှု လွယ်ကူပြီး အချက်အခြာကျသော နေရာတွင် တည်ရှိသော Raffles Hospital သည် ဆေးပညာ ဘာသာရပ်မျိုးစုံကို ကုသပေးနိုင်သော၊ ဘက်စုံဝန်ဆောင်မှုပေးနိုင်သော၊ ခေါတ်မှီတိုးတက်သော ဆေးဘက်ဆိုင်ရာ နည်းပညာများ ဖြည့်ဆည်းထားသော ပုဂ္ဂလိက ဆေးရုံကြီးဖြစ်ပါသည်။ ထို့အပြင် Raffles Hospital သည် အပြည်ပြည်ဆိုင်ရာလူနာများ ဦးစားပေးရွေးချယ်ရာ ဆေးရုံကြီးတစ်ခုအဖြစ် လျင်မြန်စွာ ဂုဏ်သတင်းကြီးလျက်ရှိပါသည်။

လက်ရှိအနေဖြင့် Raffles Hospital တွင် တက်ရောက်နေသော လူနာများ၏ ၃၅% မှာ နိုင်ငံခြားသားလူနာများ ဖြစ်ပြီး အင်ဒိုနီးရှား၊ မလေးရှားနိုင်ငံများမှ လူနာအရေအတွက် များပြားလာသကဲ့သို့ ဘင်္ဂလားဒေ့ရှ်၊ မြန်မာ၊ ကိုရီးယား၊ အိန္ဒိယတိုက်ငယ်ရှိ နိုင်ငံများ၊ ရုရှ၊ တရုတ်၊ ဂျပန်နှင့် အခြားသော အာရှ အရှေ့ဖျားဒေသနိုင်ငံများမှ လူနာအရေအတွက်လည်း တိုးပွားလျက်ရှိပါသည်။

Raffles hospital သည် ရောဂါကြိုတင်ရှာဖွေစစ်ဆေးပေးခြင်း၊ အထူးကုပြင်ပလူနာဌာန၊ အတွင်းလူနာဌာန၊ အထူးကြပ်မတ်ကုသခန်း၊ နေ့ချင်းပြီး ခွဲစိတ်ကုသခန်း၊ နှလုံးသွေးကြောချဲ့အထူးကုသခန်း၊ အပြည်ပြည်ဆိုင်ရာ လူနာဌာန၊ ထိခိုက်ဒါဏ်ရာနှင့် အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှုစသည့် ၀န်ဆောင်မှုများဖြင့် လူနာများ၏ လိုအပ်ချက်ကို ဖြည့်ဆည်းပေးလျက်ရှိပါသည်။

Raffles Specialist Centres (အထူးကုဌာနများ)
အထူးကုဘာသာရပ်များအလိုက် ဖွဲ့စည်းထားသော ‘Centre of Excellence’ အထူးကုဌာနများတွင် လူနာများ အဆင်ပြေစေရန် ဆေးကုသမှု၊ သွေးဖောက်ခန်း၊ ဆေးကောင်တာ၊ ငွေလက်ခံကောင်တာ စသည့် ၀န်ဆောင်မှုများကို တစ်နေရာတည်းတွင် ပေးနိုင်သော (one stop centre service) များရှိပါသည်။

Raffles Aesthetics (အလှအပပြုပြင်ထိန်းသိမ်းရေးဌာန)

  • ခန္ဓာကိုယ်အချိုးအစားကျ လှပအောင် ခွဲစိတ်ပြုပြင်ပေးခြင်း၊
  • ရင်သားခွဲစိတ်ပြုပြင်ပေးခြင်း၊
  • လေဆာဖြင့် အသားအရေလှပအောင် ခွဲစိတ်ပြုပြင်ပေးခြင်း၊
  • အသားအရေပြန်လည်နုပျိုအောင် Botox, chemical peels များဖြင့် ပြုပြင်ပေးခြင်း၊
  • အသားအရေ အိုမင်းရင့်ရော်စေသော အရာများကို ကြိုတင်ရှာဖွေစစ်ဆေးပေးခြင်း။

Raffles Cancer Centre (ကင်ဆာအထူးကုဌာန)

  • ကင်ဆာနှင့် မျိုးဗီဇပြဿနာများရှာဖွေစစ်ဆေးခြင်း။
  • ကင်ဆာရောဂါအမျိုးမျိုးကို ခွဲစိတ်ကုသခြင်း။ ဆေးသွင်းကုသခြင်း။
  • ဟော်မုန်းကုထုံး၊ ဓါတ်ရောင်ခြည်ကုထုံးနှင့် ကုသခြင်း။

Raffles Children’s Centre (ကလေးအထူးကုဌာန)

  • ကလေးကြီးထွားမှုနှင့် အပြုအမူဆိုင်ရာ တိုးတက်မှု စစ်ဆေးကုသပေးခြင်း။
  • ရင်ကျပ်နှင့်အခြားအဆုတ်ဆိုင်ရာ ပြဿနာများကို ဖြေရှင်းကုသပေးခြင်း။

Raffles Counselling Centre (နှစ်သိမ့်ဆွေးနွေးပညာပေးကုသဌာန)

  • စိတ်ပိုင်းဆိုင်ရာရောဂါများ နှစ်သိမ့်ဆွေးနွေး ကုသပေးခြင်း။
  • ကလေးစိတ်ရောဂါနှင့် ကြီးကောင်ဝင်စအပြုအမူဆိုင်ရာ ပြဿနာများ ဖြေရှင်းကုသပေးခြင်း။

Raffles Dental(သွားနှင့် မေးရိုးအထူးကုဌာန)

  • သွားနှင့် မေးရိုးဆိုင်ရာရောဂါများကုသပေးခြင်း။
  • သွားဖုံးရောဂါများကုသပေးခြင်း။
  • ခံတွင်းနှင့် မျက်နှာမေးရိုးခွဲစိတ်ကုသပေးခြင်း။

Raffles Eye Centre(မျက်စေ့အထူးကုဌာန)

  • အတွင်းတိမ်ရောဂါကုသပေးခြင်း။
  • မျက်ကြည်လွှာရောဂါကုသပေးခြင်း။
  • ဆီးချိုလူနာများအား မျက်စေ့စမ်းသပ်စစ်ဆေးကုသပေးခြင်း။
  • မျက်စေ့စွေစောင်းခြင်းကို ကုသပေးခြင်း။ (Strabismus Surgery)

Raffles ENT Centre (နား၊နှာခေါင်း၊ လည်ချောင်းအထူးကုဌာန)

  • ကလေး နား၊နှာခေါင်း၊ လည်ချောင်းရောဂါ အထူးကုပေးခြင်း၊
  • ဦးခေါင်းနှင့်လည်ချောင်း စစ်ဆေးပေးခြင်း၊
  • အစားအစာ ဓါတ်မတည့်မှုကို ရှာဖွေကုသပေးခြင်း၊
  • အိပ်ပျော်နေစဉ်ဖြစ်တတ်သော ရောဂါများကို ရှာဖွေကုသပေးခြင်း။

Raffles Heart Centre (နှလုံးရောဂါအထူးကုဌာန)

  • ဓါတ်မှန်ဖြင့် နှလုံးသွေးကြောပုံဖော်ပေးခြင်း။ (Angiogram)
  • Balloon or Stents ဖြင့် နှလုံးသွေးကြောချဲ့ပေးခြင်း။(Angioplasty and Stent Implantation)
  • နှလုံးသွေးကြောအစားထိုးကုသခြင်း။ (CABG)
  • မွေးရာပါနှလုံးရောဂါနှင့် နှလုံးအဆို့ရှင်ခွဲစိတ်ပြုပြင်ကုသခြင်း။
  • နှလုံးခုန်နှုန်းထိန်းစက်နှင့် အလိုအလျောက် နှလုံးနှိုးစက်တပ်ဆင်ကုသပေးခြင်း။
  • နှလုံးတွင် လျှပ်စစ်စီးဆင်းမှု မှန်မမှန် စမ်းသပ်စစ်ဆေးကုသပေးခြင်း။ (Electrophysiology Studies & Catheter Ablation)

Raffles Internal Medicine Centre (အထွေထွေဆေးပညာအထူးကုဌာန)

  • အသည်းနှင့်အစာအိမ်အူလမ်းကြောင်းရောဂါများကုသခြင်း။
  • အတွင်းစိမ့်ဂလင်းများ (Endocrine Glands) ဆိုင်ရာေ၇ာဂါများကုသပေးခြင်း။ (ဥပမာ- ဆီးချိုရောဂါ၊ သရက်ရွက်ရောင်ရောဂါ)
  • လူကြီးရောဂါ ကုသပေးခြင်း။
  • ကူးစက်ရောဂါကုသပေးခြင်း။
  • ဦးနှောက်နှင့် အာရုံကြောဆိင်ရာရောဂါများကုသခြင်း။
  • ဆီးနှင့်ကျောက်ကပ်ရောဂါကုသခြင်း။
  • အဆုတ်ရောဂါကုသခြင်း။
  • အဆစ်အမြစ်ရောင်ရောဂါကုသခြင်း။
  • ကိုယ်ခန္ဓာအလေးချိန်ထိန်းသိမ်းစောင့်ရှောက်ခြင်း။

Raffles Japanese Clinic (ဂျပန်ဆေးခန်း)

  • ဂျပန်လူနာများအတွက် ဂျပန်ဆရာဝန်၊ သူနာပြုနှင့် ၀န်ထမ်းများမှ ၀န်ဆောင်မှုပေးနေသော ဆေးခန်းလည်း ရှိပါသည်။

Raffles Orthopaedic Centre (အရိုးအထူးကုဌာန)

  • တင်ပဆုံရိုးနှင့် ဒူးဆစ်အစားထိုးကုသခြင်း။
  • ကျောရိုးဆစ်အစားထိုးကုသခြင်း။
  • ခါးရိုးအဆစ်အစားထိုးကုသခြင်း။
  • လက်ပိုင်းဆိုင်ရာခွဲစိတ်ကုသခြင်း။
  • အားကစားလှုပ်ရှားမှုဒါဏ်ရာများကုသခြင်း။

Raffles Surgery Centre (ခွဲစိတ်အထူးကုဌာန)

  • အထွေထွေရောဂါခွဲစိတ်ကုသခြင်း။
  • ဆီးနှင့်ကျောက်ကပ် ခွဲစိတ်ကုသခြင်း။
  • ရင်သားလှပအောင်ခွဲစိတ်ပြုပြင်ခြင်း။
  • ဦးနှောက်နှင့် အာရုံကြော ခွဲစိတ်ကုသခြင်း။
  • အစာအိမ်နှင့်အူလမ်းကြောင်း ခွဲစိတ်ကုသခြင်း။
  • သွေးကြောဆိုင်ရာရောဂါများကုသခြင်း။
  • အ၀လွန်ရောဂါ ခွဲစိတ်ကုသခြင်း။

Raffles Women’s Centre & Raffles Fertility Centre (အမျိုးသမီးရောဂါ အထူးကုဌာန၊ သားဆက်ပွားအထူးကုဌာန)

  • မီးယပ်ရောဂါများကို ဒါဏ်ရာအနည်းဆုံးဖြင့် ခွဲစိတ်ကုသခြင်း။
  • အမျိုးသမီးမီးယပ်ကင်ဆာရောဂါကုသခြင်း။
  • ဆီးနှင့် အမျိုးသမီးရောဂါများကုသခြင်း။ ပုံမှန်ကလေးမွေးဖွားခြင်း၊ ခက်ခဲသောကိုယ်ဝန်များအား ကူညီမွေးဖွားပေးခြင်းနှင့် ခွဲစိတ်မွေးဖွားပေးခြင်း။
  • ဖန်ပြွန်သန္ဓေသား ကူညီဆောင်ရွက်ပေးခြင်း။

Raffles Health Screens (ကျန်းမာရေးကြိုတင်စမ်းသပ်စစ်ဆေးပေးခြင်း)
အသက်အရွယ်အလိုက် ကျန်းမာရေးစစ်ဆေးနိုင်ရန် လိုအပ်သော စစ်ဆေးမှုများ စုစည်းပေးထားသော Health Screening Package များကို စီစဉ်ပေးထားပါသည်။

  • Raffles Lifestyle Sport (အသက် ၃၀နှစ်အောက်)
  • Raffles Deluxe/ Ladies Deluxe (အသက် ၃၀နှင့် ၄၀ ကြား)
  • Raffles Executive/ Ladies Executive (အသက် ၄၀နှင့် ၅၀ ကြား)
  • Raffles Elite/ Ladies Elite (အသက် ၅၀ နှင့် အထက်)

Raffles Premier and Raffles Platinum ကဲ့သို့သော အထူးကျန်းမာရေးစစ်ဆေးမှုများကိုလည်း မေးမြန်း စုံစမ်းနိုင်ပါသည်။

Comments are closed.