LASIK Sugery – Required Preparations Before and During the Sugery

ခွဲစိတ်မှု မတိုင်မီ

LASIK ခွဲစိတ်မှုပြုလုပ်မည်ဟု ဆုံးဖြတ်ပြီးပါက သင်၏ မျက်စိဆရာဝန်မှနေ၍ သင်သည် LASIK ကုသမှုအတွက် သင့်လျော်သူ ဖြစ်ကြောင်း စမ်းသပ် စစ်ဆေးပါမည်။ အောက်ပါတို့သည် စမ်းသပ် စစ်ဆေးမှုအတွက် သင်ကြိုတင်ပြင်ဆင်သင့်သည်များနှင့် သိသင့်သည်များ ဖြစ်ပါသည်။

သင်သည် မျက်ကပ်မှန်တပ်ဆင် ထားသူတစ်ဦးဖြစ်ခဲ့ပါက စမ်းသပ်စစ်ဆေးမှုမတိုင်မှီတွင် မျက်ကပ်မှန်ကို လုံးဝမသုံးပဲ မျက်မှန်ကိုသာ အချိန်ပြည့်သုံးစွဲသင့်ပါသည်။ တပ်ဆင်သည့် မျက်ကပ်မှန် အမျိုးအစားအပေါ် မူတည်ပြီး မျက်ကပ်မှန်များသည် မျက်ကြည်လွှာ၏ ပုံသဏ္ဌာန်ကို မျက်ကပ်မှန် သုံးစွဲမှုကို ရပ်တန့်ပြီးနောက် ရက်သတ္တပါတ် အနည်းငယ်အထိ ပြောင်းလဲနေစေနိုင်ပါသည်။ မျက်ကပ်မှန်ကို မျက်ကြည်လွှာ သဘာဝ ပုံသဏ္ဌာန်အတိုင်း ပြန်လည်ရောက်ရှိအောင် အချိန်ပေးပြီး မသုံးစွဲပဲ မနေမိပါက မကောင်းသော အကျိုးသက်ရောက်မှုများ ဖြစ်ပေါ်စေနိုင်ပါသည်။ ဖြစ်ပေါ်လာနိုင်သော အကျိုးသက်ရောက်မှုများမှာ တိုင်းတာမှုများ မှားယွင်းခြင်း၊ နှင့် အကောင်းဆုံးမဟုတ်သော ခွဲစိတ်မှု စီမံချက် တို့ကြောင့် ခွဲစိတ်မှုအပြီး မျက်စိအမြင်လျော့နည်းခြင်း (မှုန်ခြင်း) ဖြစ်နိုင်ပါသည်။ မျက်ကြည်လွှာ၏ အထူမည်ရွေ့ မည်မျှကို ဖယ်ထုတ်သင့်သည်ကို တိုင်းတာသော တိုင်းတာမှုကို အနည်းဆုံး ပထမအကြိမ်တိုင်းတာပြီးနောက် တစ်ပါတ်အကြာတွင် နှင့် မခွဲစိတ်မီ တစ်ပါတ်အလိုတွင်တိုင်းတာသင့်သည်။ ထိုမှသာ အတိုင်းအတာများ မပြောင်းလဲကြောင်း သိရှိနိုင်မည်။ အထူးသဖြင့် RGP (သို့) မာကြောသော မျက်ကပ်မှန်များ တပ်ဆင်သူများတွင် ပိုမိုပြီး ပြုလုပ်သင့်သည်။

    အကယ်၍ သင်သည်
  • အပျော့စား မျက်ကပ်မှန် (သို့) toric soft lenses တပ်ဆင်သူဖြစ်ပါက ပထမဆုံးအကြိမ် စစ်ဆေးမှု မပြုမှီ သုံးရက်အလိုမှ စတင်ပြီး မျက်ကပ်မှန် တပ်ဆင်ခြင်းကို ရပ်နားထားသင့်ပါသည်။
  • အမာစား မျက်ကပ်မှန် (သို့) rigid gas permeable (RGP) lenses တပ်ဆင်သူဖြစ်ပါက ပထမဆုံးအကြိမ် စစ်ဆေးမှုမပြုမှီ ၁၄ ရက်အလိုမှစတင်ပြီး မျက်ကပ်မှန် တပ်ဆင်ခြင်းကို ရပ်နားထားသင့်ပါသည်။
    သင်၏ ဆရာဝန်ကို ပြောပြသင့်သည်များမှာ
  • သင်၏ ဆေးကုသမှုနှင့် မျက်လုံး၏ ရာဇ၀င်နှင့် လက်ရှိ အနေအထားများ
  • မိမိ လက်ရှိ သောက်သုံးနေသော ဆေးဝါးများ (ကိုယ့်ဘာသာကိုယ် ၀ယ်ယူ သောက်သုံး နေသော ဆေးဝါးများ အပါအ၀င်) နှင့် မိမိနှင့် မတည့်သော ဆေးဝါးများ
    သင်၏ ဆရာဝန်သည် မျက်လုံး စမ်းသပ်မှုကို အသေးစိတ် တိကျသေချာစွာ ပြုလုပ်သင့်ပြီး သင်နှင့် အောက်ပါတို့ကို ဆွေးနွေးသင့်ပါသည်။
  • သင်သည် ခွဲစိတ်မှု ပြုရန် သင့်လျော်သော လူနာတစ်ဦး ဖြစ်မဖြစ်
  • ဖြစ်ပေါ်လာနိုင်သော အန္တရာယ်များ၊ ကောင်းကျိုးများနှင့် အခြား ပြုလုပ်နိုင်သော ခွဲစိတ်မှုများ
  • မခွဲစိတ်မှီ ခွဲစိတ်နေချိန်နှင့် ခွဲစိတ်ပြီး အချိန်များတွင် သိသင့်သည်များ
  • မခွဲစိတ်မှီ၊ ခွဲစိတ်နေချိန်အတွင်းနှင့် ခွဲစိတ်ပြီး အချိန်များတွင် သင်လိုက်နာရမည့် အချက်များ

ဤဆွေးနွေးမှုအတွင်းတွင် သင်သည် သင်၏ ဆရာဝန်အား မေးခွန်းများ မေးနိုင်မည်ဖြစ်ပါသည်။ ခွဲစိတ်ရန် မဆုံးဖြတ်မှီနှင့် Agreement to Treatment and Consent Form အား လက်မှတ်မထိုးမှီ ခွဲစိတ်မှုမှ ရလာမည့် ကောင်းကျိုး၊ ဆိုးကျိုးများကို သုံးသပ်ခြင်း၊ ဆရာဝန်မှ ပေးအပ်ထားသော သတင်းအချက်အလက်များအား ပြန်လည် ဖတ်ရှုခြင်း၊ သိလိုသော မေးခွန်းများကို ဆရာဝန်အား မေးမြန်းခြင်းတို့အား အချိန်ယူပြီး ပြုလုပ်သင့်ပါသည်။

ခွဲစိတ်မှု ပြုလုပ်ရန်အတွက် ဆုံးဖြတ်ချက်ချခြင်းကို သင်၏ဆရာဝန်၊ မိသားစု၊ သူငယ်ချင်း (သို့) မည်သူ တစ်ဦးတစ်ယောက်၏ှ ဖိအားပေးခြင်းကြောင့် မပြုလုပ်သင့်ပါ။ မိမိကိုယ်တိုင် ကောင်းကျိုး၊ ဆိုးကျိုးများကို သေချာစွာ စဉ်းစားပြီးမှ ဆုံးဖြတ်သင့်ပါသည်။

    ခွဲစိတ်မှု မစမှီ တစ်ရက်အလိုတွင် သင်သည် အောက်ပါတို့ကို သုံးစွဲခြင်းမှ ရှောင်ကြဉ်သင့်ပါသည်။
  • ခရင်(မ်)များ (Cream)
  • လိမ်းဆေးများ (Lotions)
  • မိတ်ကပ်များ (Makeup)
  • ရေမွှေးများ

အထက်ပါ ပစ္စည်းများနှင့် မျက်တောင်မွှေးများတွင် ကပ်ငြိနေသော အညစ်အကြေး အစအနများသည် ခွဲစိတ်ပြီးချိန်တွင် အနာအတွင်းသို့ ပိုးဝင်ခြင်းကို ပိုမိုဖြစ်ပေါ်စေနိုင်ပါသည်။ ရေမွှေးများ (သို့) လူလုပ် ရနံ့များသည် လေဆာဖြင့် ကုသခြင်း လုပ်ဆောင်ချက်ကို ထိခိုက်စေနိုင်ပါတယ်။ မျက်တောင်မွှေးတွင် ကပ်ငြိနေသော အညစ်အကြေး အစအနများကို ဖယ်ရှားရန်အတွက် ဆရာဝန်မှ သင့်အား သင်၏ မျက်တောင်မွှေးများကို တိုက်ချွတ်ခြင်းများ လုပ်ခိုင်းကောင်း လုပ်ခိုင်းလိမ့်မည် ဖြစ်သည်။

ခွဲစိတ်မှု မပြုလုပ်မှီ သင်သည် ဆေးခန်းသို့ ခွဲစိတ်ရန် နှင့် ပြန်လည် ပြသရန် သွားရေးလာရေးအတွက်လည်း ကြိုတင် စီစဉ်သင့်ပါသည်။ ခွဲစိတ်မည့်နေ့တွင် ဆရာဝန်မှ သင့်အား စိတ်ဖိစီးမှုအားများ လျော့ကျအောင် ဆေးများပေးမည်ဖြစ်သည်။ ထိုဆေးများ သည် မျက်စိကို ပြာစေသည့်အတွက် သင်သည် ကားမောင်းရန် သင့်လျော်မည် မဟုတ်ပါ။ အကယ်၍ သင်သည် ကားမမောင်းခဲ့သည့်တိုင်အောင် ခွဲစိတ်မှုပြီးလျှင် အိမ်သို့ပြန်ပို့ပေးရန် အဖော်တစ်ဦးပါရှိရန် လိုအပ်ပါမည်။

Before Surgery

If you decide to go ahead with LASIK surgery, you will need to undergo an initial or baseline evaluation by your eye doctor to determine if you are a good candidate. This is what you need to know to prepare for the exam and what you should expect:

If you wear contact lenses, it is a good idea to stop wearing them before your baseline evaluation and switch to wearing your glasses full-time. Contact lenses change the shape of your cornea for up to several weeks after you have stopped using them depending on the type of contact lenses you wear. Not leaving your contact lenses out long enough for your cornea to assume its natural shape before surgery can have negative consequences. These consequences may lead to inaccurate measurements and a sub-optimal surgical plan, resulting in poor vision after surgery. These measurements, which determine how much corneal tissue to remove, may need to be repeated at least a week after your initial evaluation and before surgery to make sure they have not changed, especially if you wear RGP or hard lenses.

  • If you wear soft contact lenses or toric soft lenses, you should stop wearing them for 3 days before your initial evaluation
  • If you wear hard lenses or rigid gas permeable (RGP) lenses, you should stop wearing them for at least 14 days before your initial evaluation.
    You should tell your doctor:
  • about your past and present medical and eye conditions
  • about all the medications you are taking, including over-the-counter medications and any medications you may be allergic to
    Your doctor should perform a thorough eye exam and discuss:
  • whether you are a good candidate
  • what the risks, benefits, and alternatives of the surgery are
  • what you should expect before, during, and after surgery
  • what your responsibilities will be before, during, and after surgery

You should have the opportunity to ask your doctor questions during this discussion. Give yourself plenty of time to think about the risk/benefit discussion, to review any informational literature provided by your doctor, and to have any additional questions answered by your doctor before deciding to go through with surgery and before signing the Agreement to Treatment and Consent Form.

You should not feel pressured by your doctor, family, friends, or anyone else to make a decision about having surgery. Carefully consider the pros and cons.

    The day before surgery, you should stop using:
  • cream
  • lotions

  • makeup

  • perfumes

These products as well as debris along the eyelashes may increase the risk of infection during and after surgery. Perfumes or artificial scents may also affect the performance of the Laser. Your doctor may ask you to scrub your eyelashes for a period of time before surgery to get rid of residue and debris along the lashes.

Also before your surgery, arrange for transportation to and from the clinic and for your first follow-up visit. On the day of surgery, your doctor may give you some medicine to make you relax. Because this medicine impairs your ability to drive and because your vision may be blurry, even if you don’t drive, make sure someone can bring you home after surgery.

Leave a Reply

Your email address will not be published. Required fields are marked *

*

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>