Singapore Medical Group (SMG)

Singapore Medical Group (SMG) is one of the leading medical services provider in Singapore.

Medical Services & Centres of SMG

  • The Lasik Surgery Clinic (LSC) -  Lasik Surgery လေဆာကိုသုံးပြီး မျက်စေ့ခွဲစိတ်ကုသရာဌာန
  • The Eye and Cornea Transplant Centre (TECTC) – မျက်စေ့နှင့် မျက်ကြည်လွှာအစားထိုးဌာန
  • Singapore Sports Orthopaedic Surgery Centre (SSOSC) – စင်ကာပူ အားကစားဆိုင်ရာအရိုးအကြောဌာန
  • The Dental Studio (TDS) – သွားဘက်ဆိုင်ရာဌာန
  • Singapore Aesthetic Centre (SAC) စင်ကာပူအလှအပဆိုင်ရာဌာန
  • Singapore Lipo, Body and Face centre (SLBFC) – စင်ကာပူ မျက်နှာ၊ ကိုယ်ခန္ဓာနှင့် အဆီဌာန
  • The Cancer Centre (TCC) – ကင်ဆာဌာန
  • The Obstetrics and Gynaecology Centre (TOGC) – သားဖွားနှင့် မီးယပ်ဌာန

LSCThe Lasik Surgery Clinic (LSC) -  Lasik Surgery ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်း သည် Singapore Medical Group ၏ အထင်ကရ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်း ဖြစ်ပါသည်။

စင်ကာပူနိုင်ငံတွင် လူတိုင်းတတ်နိုင်သည့် ဈေးနှုန်းဖြင့် အရည်အသွေး မြင့်မားသော Lasik surgery ကို လုပ်ဆောင်ပေးနိုင်ရန် ရည်ရွယ်ချက်ရှိပြီး မိမိတို့၏ အားသာချက်များကို စုစည်းဆောင်ရွက်ခဲ့သဖြင့် LSC သည် ယခုအခါ စင်ကာပူ နိုင်ငံတွင်းမှာပင် အလွန်အောင်မြင်သော လုပ်ငန်းအဖြစ် တိုးတက်လာပါသည်။

ယခုအခါ ဖိလစ်ပိုင်နိုင်ငံ မနီလာ၊ အလာဘန်းနှင့် အန်းဂျလိစ်မြို့များတွင် လက်တွဲဖော်များနှင့် ပူးပေါင်းခြင်းဖြင့် အာရှတိုက်တစ်ခုလုံးတွင် မိမိတို့၏ Lasik surgery နှင့် ပါတ်သက်သည့် မြင့်မားသော အဆင့်အတန်းကို ယုံကြည်မှုအပြည့်ဖြင့် သက်သေပြနိုင်ခဲ့ပါသည်။

TECTCThe Eye and Cornea Transplant Centre (TECTC) – မျက်စေ့နှင့် မျက်ကြည်လွှာအစားထိုးဌာန သည် တစ်နေရာတည်းတွင် မျက်စေ့ဆိုင်ရာ ကုသမှု အားလုံးကို ရရှိနိုင်သော နေရာတစ်ခုဖြစ်ပါသည်။

TECTC တွင် Intraocular lens implant နည်းသုံးပြီး မျက်စေ့တိမ်ရောဂါဆိုင်ရာ ကုသမှု၊ မျက်ကြည်လွှာ အစားထိုးကုသခြင်းဖြင့် မျက်ကြည်လွှာဆိုင်ရာ ရောဂါများကို ကုသပေးမှု၊ Implantable contact lens (ICL), Conjunctival stem cell transplantation စသည်တို့အပြင် Refractive surgical treatments for presbyopia ကိုလည်း နည်းမျိုးစုံဖြင့် ကုသပေးနေပါသည်။

TECTC အနေဖြင့် ထိရောက်စွာကုသမှုပေးခြင်းနှင့် အကောင်းဆုံးဟု သက်သေပြထားသော နည်းလမ်းများကို အသုံးပြုခြင်းဖြင့် ကောင်းမွန်ထိရောက်ကြောင်းသေချာသော ကုသပေးမှုများကို လူနာများအတွက် လုပ်ဆောင်ပေးနေပါသည်။

SSOSCSingapore Sports Orthopaedic Surgery Centre (SSOSC) – စင်ကာပူ အားကစားဆိုင်ရာ အရိုးအကြောဌာန သည် အားကစားဆိုင်ရာ ထိခိုက်မှုများအပြင် အထွေထွေအရိုးနှင့် ကြွက်သားများ ထိခိုက်မှုများကို ကုသပေးသောနေရာဖြစ်သည်။

ဒူးခေါင်းဒါဏ်ရာများ (meniscus ၊ အရိုးနု နှင့် အရွတ်ကြောပြတ်ခြင်း၊ စုတ်ခြင်း၊ လက်မောင်း၊ တတောင်ဆစ်ထိခိုက်မှုများနှင့် ပြန်ပြန်ဖြစ်တတ်သော ခြေဆစ် ထိခိုက်ခြင်းများများကိုလည်း ကုသပေးပါသည်။

SSOSC သည် အားကစားသမားများသာမက အရိုး၊ ကြွက်သား၊ အကြောဆိုင်ရာ ပြသနာရှိသော မည်သူမဆိုကိုလည်း ၀န်ဆောင်မှုပေးနေပါသည်။

TDSThe Dental Studio (TDS) – သွားဘက်ဆိုင်ရာဌာန တွင် အကောင်းဆုံး နည်းပညာနှင့် သွားဘက်ဆိုင်ရာ ကိရိယာများစုံလင်စွာရှိပြီး ဒစ်ဂျစ်တယ်နည်းပညာကို နေရာတိုင်းတွင် အသုံးပြုထားပါသည်။

TDS ၏ သွားအထူးကု ဆရာဝန်များသည် သွားများကို ညီညာလှပအောင် ပြုပြင်ခြင်းနှင့် အခြားသော Implant Dental Services (such as ) prosthodontics (crown, bridges, dentures), implant dentistry, oral surgery and gum treatment ကုသမှုများကို အကောင်းဆုံးကုသပေးနေပါသည်။

TDS သည် လူနာများ၏ သက်တောင့်သက်သာရှိမှုကို အထူး အလေးထားပါသည်။ သင့်တော်သော နာကျင်မှုမရှိစေသော ဆေးများအသုံးပြုခြင်းနှင့် movie goggles and tempur ခေါင်းအုံးများကို အသုံးပြုခြင်းအားဖြင့် လူနာများ၏ စိတ်ပူပင်မှုကို လျော့ကျစေပြီး ကောင်းမွန်သောဆေးကုသမှု အတွေ့အကြုံကို ရရှိစေပါသည်။

SACSingapore Aesthetic Centre (SAC) တွင် အသားအရေကို ပြန်လည်နုပျိုစေခြင်းနှင့် ကိုယခန္ဓာကို အချိုးအစားတကျဖြစ်အောင် ပြုပြင်ပေးခြင်းတို့ဖြင့် မိမိကိုယ်မိမိ ယုံကြည်မှုများ ပြန်လည်ရရှိလာစေပါသည်။

မကောင်းသော အရေပြားကို ဓါတုဗေဒဆေးများသုံးပြီး ကွာကျစေခြင်း၊ လိုအပ်နေသောနေရာများကို ပြန်ဖြည့်ပေးခြင်း၊ IPL ၊ လေဆာနှင့် ဘိုတော့စ် စသည့် ကုသနည်းများဖြင့် ထိရောက်သော ကုသမှုများကို ဆောင်ရွက်ပေးနေပါသည်။

SLBFC Singapore Lipo, Body and Face centre (SLBFC) – စင်ကာပူ မျက်နှာ၊ ကိုယ်ခန္ဓာနှင့် အဆီဌာန တွင် သင့်ရဲ့ ကိုယ်ခန္ဓာကို အချိုးအစားကျကျလှပစေဖို့အတွက် ကိုယ်ခန္ဓာအချိုးအစားဆိုင်ရာ သိပ္ပံညာကိုသုံးပြီး လုပ်ဆောင်ပေးနေပါပြီ။
VASER Lipo Selection သည် ကိုယ်ခန္ဓာမည်သည့်နေရာရှိ မလိုအပ်သော အဆီများကို နာရီပိုင်းအတွင်း ဖယ်ထုတ်ပေးပါသည်။ SLBFC တွင် FDA  က သဘောတူအတည်ပြုလက်ခံထားသော၊ လေ့လာစမ်းသပ်မှုများက ကောင်းမွန်ထိရောက်သည်ဟုအတည်ပြုထားသော နည်းပညာနှင့် ခနာကိုယ်ကို ထိခိုက်မှုအနည်းဆုံးနည်းများကို အသုံးပြုပါသည်။
ထို့အပြင် စမ်းသပ်တွေ့ရှိထားသော နည်းသစ်ဖြင့် ရင်သားဖြည့်ခြင်းကိုလည်း အမျိုးသမီးများ၏ ရင်သားကို ပုံသဏ္ဍာန်ရော၊ အရွယ်အစားပါ လှပအချိုးကျအောင် လုပ်ဆောင်ပေးနေပါသည်။ သင်လိုချင်သည့် ကိုယ်ခန္ဓာအချိုးအစား၊ ပုံစံကို ရရှိအောင် အတည်ပြုထားသည့် နည်းပညာများသုံးပြီး၊ National guideline အတိုင်းလိုက်နာ လုပ်ဆောင်ပေးပါသည်။

TCCThe Cancer Centre – ကင်ဆာဌာန သည် ကင်ဆာလူနာများအတွက် ပြုစုစောင့်ရှောက်မှု၊ သက်တောင့်သက်သာ ရှိစေမှုနှင့် ယုံကြည်မှုကို ရရှိစေသည့်နေရာပင်ဖြစ်ပါသည်။

ကင်ဆာရောဂါသည် ဘ၀၊ မိသားစုနှင့် မရေရာသည့် အနာဂါတ်အတွက် ဖြေရှင်းမရသည့်ပုစ္ဆာများကို ဖြစ်ပေါ်စေသည်။ သို့သော် ထိုအခြေအနေများသည် သင်နှင့် သင်ချစ်ရသူများအတွက် မရေရာမှုကို မဖြစ်ပေါ်စေသင့်။ ကင်ဆာကြောင့် ဖြစ်ပေါ်လာသော ဖြေရှင်းမရသည့် ပုစ္ဆာများစွာရှိနေသော်လည်း TCC အနေဖြင့် သင့်ကို ကူညီဖြေရှင်းပေးပါသည်။ အဘယ်ကြောင့်ဆိုသော် TCC မှ ကင်ဆာ ကျွမ်းကျင်သူများက သင့်ကို နားလည်မှုနှင့် ဂရုစိုက်မှုရှိသောကြောင့်ဖြစ်ပါသည်။

TCC၏ ကင်ဆာဌာနအနေဖြင့် ကာကွယ်ခြင်းနည်းလမ်း၊ ကြိုတင်စစ်ဆေးခြင်းနှင့် တီထွင်ဆန်းသစ်ထားသော လိုအပ်သည့်နေရာကိုသာ ဆေးကုသမှုရောက်စေသည့် နည်းလမ်းများ အသုံးပြုခြင်းများကို အထူး အလေးထားခြင်းဖြင့် လူနာများ၏ လုံခြုံစိတ်ချရမှုနှင့် သက်တောင့်သက်သာရှိမှုကို ရရှိစေပါသည်။

TOGCCThe Obstetrics and Gynaecology Centre (TOGC) – သားဖွားနှင့် မီးယပ်ဌာန ၌ အမျိုးသမီးတိုင်းကို ရုပ်ပိုင်းဆိုင်ရာအပြင် စိတ်ပိုင်းဆိုင်ရာကိုပါ ထည့်သွင်းစဉ်းစားပြီး အလေးထား ကုသပါသည်။

သင့်ဘ၀တစ်လျှောက် လိုအပ်သော သားဖွားနှင့် မီးယပ်ဆိုင်ရာ မည်သည့်ကုသမှုများကိုမဆို TOGC မှ ဆောင်ရွက်ပေးခြင်းဖြင့် သင့်ကို လုံခြုံစိတ်ချမှု၊ မိမိကိုယ်မိမိယုံကြည်မှု၊ သက်တောင့်သက်သာရှိမှုနှင့် ခွန်အားကို ရရှိစေပါသည်။

Comments are closed.