Tag Archives: Coronary Artery Bypass Surgery

နှလုံးသွေးကြောလမ်းလွှဲခွဲစိတ်ကုသမှု (အသေးစိတ်)

Bypass Surgery ခွဲစိတ်မှုတွင် နှလုံးခွဲစိတ်ဆရာဝန်က ခြေထောက်မှသွေးပြန်ကြော (သို့) လက်/ရင်ဘတ်ရှိ သွေးလွှတ်ကြောကို ယူပြီး နှလုံးသွေးကြော၏ အလွန်ကျဉ်းနေသော (သို့) ပိတ်နေသောနေရာ အပေါ်ပိုင်းနှင့် အောက်ပိုင်းကို လမ်းလွှဲသွေးကြောဖြင့် ဆက်လိုက်ပါသည်။ ဤသို့အားဖြင့် လိုအပ်နေသော နှလုံးကြွက်သားများသို့ လမ်းလွှဲမှတစ်ဆင့် သွေးများရောက်သွားပါမည်။

Bypass surgery ကို အောက်ပါ လူနာအမျိုးအစားများတွင် လုပ်ရနိုင်ပါသည်။
1) နှလုံးကြောင့်ရင်ဘတ်အောင့်ခြင်းကို ဆေးပေးခြင်းဖြင့် မသက်သာသူများ 2) ဘောလုံးဖြင့် နှလုံးသွေးကြောချဲ့ခြင်းလုပ်ဆောင်ရန် အဆင်မပြေသည့်သူများ 3) နှလုံးသွေးကြောချဲ့ထားဖူးပြီး သွေးကြော ပြန်ကျဉ်းသွားသူများ 4) ဘယ်ဘက်အဓိက နှလုံးသွေးကြောကျဉ်းသူများ (ရောဂါလက္ခဏာ ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ယခုခွဲစိတ်မှုပြုလုပ်ခြင်းဖြင့် အသက်ပိုရှည်လာနိုင်ကြောင်း သေချာသူများ) Read more…

Posted in Articles | Tagged , , | Leave a comment

နှလုံးသွေးကြောလမ်းလွှဲခွဲစိတ်ကုသမှု (အကျဉ်းချုပ်)

Coronary Artery Bypass surgery နှလုံးသွေးကြောလမ်းလွှဲ ခွဲစိတ်ကုသခြင်းသည် နှလုံးသွေးကြောပိတ် ရောဂါအတွက် အလွန်အရေးကြီးသော ကုသမှုဖြစ်သည်။ ခွဲစိတ်ကုသမှုကြောင့် ခံစားနေရသော ရောဂါလက္ခဏာများ သက်သာသွားပြီး အသက်ရှည်လာနိုင်မည် ဖြစ်သည်။

လူနာအနေဖြင့် မိမိ၏နှလုံးရောဂါကို ဆရာဝန်ညွှန်ကြားထားသည့်အတိုင်း လေ့ကျင့်ခန်း၊ ကျန်းမာရေးနှင့် ညီညွတ်သော အစားအသောက်နှင့် နေထိုင်မှုပုံစံတို့ကို လိုက်နာလုပ်ဆောင်ခြင်းဖြင့် ထိန်းချုပ်နိုင်မည်ဖြစ်သည်။ Read more…

Posted in Articles | Tagged , , | 1 Comment